ယံုၾကည္ရေသာ

Android Accessibility Suite

n101ii-2
11.36MB
ဒေါင်းလုပ်များ
စတိုးမှ ဒေါင်းလုပ်များ 500 - 3k
ဗားရှင်း 7.2.0.220693075 လွန်ခဲ့သော 1 လက

Android Accessibility Suite ၏ ဖော်ပြချက်

Android Accessibility Suite သည် Android စက်ပစ္စည်းများကို ကြည့်စရာမလိုဘဲ သို့မဟုတ် ခလုတ်ပြောင်း စက်ပစ္စည်းတစ်ခု၏ အကူအညီဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားသည့် အများသုံးစွဲနိုင်မှုဆိုင်ရာ ဝန်ဆောင်မှုအစုတစ်ခုပင်ဖြစ်သည်။
Android Accessibility Suite တွင် အောက်ပါတို့ပါဝင်သည်−
• အများသုံးစွဲနိုင်မှု မီနူး− ကြီးမားသည့် ဤမျက်နှာပြင်ပေါ်ရှိ မီနူးကို အသုံးပြု၍ လက်ဟန်၊ စက်ခလုတ်များ၊ ရွေ့လျားထိန်းချုပ်မှုနှင့် အခြားအရာများကို ထိန်းချုပ်ပါ။
• စကားပြောရွေးရန်− သင့်မျက်နှာပြင်ပေါ်ရှိ အရာတစ်ခုကို ရွေးပါ သို့မဟုတ် သင့်ကင်မရာကို ပုံ သို့မဟုတ် စာသားသို့ ချိန်လိုက်ပါက အသံထွက်၍ဖတ်ခြင်း သို့မဟုတ် အသံထွက်၍ ဖော်ပြပေးခြင်းတို့ ပြုလုပ်ပေးပါမည်။
• အသုံးပြုခွင့်ကို ပြောင်းခြင်း− ခလုတ်တစ်ခု သို့မဟုတ် များစွာဖြင့် သို့မဟုတ် ထိတွေ့မျက်နှာပြင်အစား ကီးဘုတ်တစ်ခုဖြင့် သင်၏ Android စက်ပစ္စည်းကို အသုံးပြုလိုက်ပါ။
• TalkBack ဖန်သားပြင်ဖတ်အက်ပ်− သင့်စက်ပစ္စည်းကို အသုံးပြုနေစဉ် စကားပြော၊ အသံနှင့် တုန်ခါမှု တုံ့ပြန်ချက်များကို ရယူလိုက်ပါ။
ACCESSIBILITY SUITE 7.2 တွင်ပါဝင်သည့် အကြောင်းအရာအသစ်
Android Accessibility Suite ဗားရှင်း 7.2 တွင် အောက်ပါဝန်ဆောင်မှု အသစ်များ ပါဝင်သည်−
စကားပြောရွေးရန်တွင် ပါဝင်သည့် ဝန်ဆောင်မှုအသစ်−
• အသံထွက်ဖတ်ရန် ကင်မရာကို စာသားသို့ ချိန်လိုက်ပါ။
• 'စကားပြောရွေးရန်' က စာဖတ်နေစဉ် အခြားအရာများကို တစ်ပြိုင်နက်လုပ်ဆောင်လိုက်ပါ။ ဥပမာ အောက်သို့ လှိမ့်ဆင်းပါ သို့မဟုတ် အခြားအက်ပ်တစ်ခုကို ဖွင့်ပါ။ ဤစမ်းသပ်ဝန်ဆောင်မှုကို အစမ်းသုံးကြည့်ရန်အတွက် 'အလုပ်များစွာ တစ်ပြိုင်နက်လုပ်ဆောင်ခြင်း' ဆက်တင်အသစ်ကို ဖွင့်ပါ။
TalkBack တွင် ပါဝင်သည့် ဝန်ဆောင်မှုအသစ်−
• ဆက်တိုက်စာဖတ်ခြင်းမုဒ်တွင် အရှေ့သို့ကျော်ရန် သို့မဟုတ် အနောက်သို့ ပြန်သွားရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ။ သင်သည် ကီးဘုတ်ကို အသုံးပြုနေလျှင် Alt + ညာဘက်မြား သို့မဟုတ် Alt + ဘယ်ဘက်မြားကို နှိပ်ပါ။ (ဆက်တိုက်စာဖတ်ခြင်းကို စတင်ရန် ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာမီနူးတွင် "အပေါ်မှဖတ်ရန်" သို့မဟုတ် "နောက်တစ်ခုမှ ဖတ်ရန်" ကို ရွေးပါ။)
• ဝဘ်စာမျက်နှာများတွင် "ခေါင်းစီးနှင့် အထင်ကရနေရာများ" လမ်းညွှန်ဆက်တင်သည် ယခုအခါ "ခေါင်းစီးများ" ဖြစ်သွားပါပြီ။ အထင်ကရနေရာများအလိုက် လမ်းညွှန်ရန် ဒေသတွင်း အကြောင်းအရာမီနူးကိုအသုံးပြုပါ။
• "ခလုတ်များ" ဖြင့် လမ်းညွှန်မှုကို တိုးမြှင့်ထားသည်။ "ခလုတ်များ" လမ်းညွှန်ဆက်တင်တွင် ယခုအခါ အမှန်ခြစ်အကွက်၊ စက်ဝိုင်းခလုတ်၊ အဖွင့်အပိတ် ခလုတ်များနှင့် ရွှေ့တုံး (ရစ်ရန်အတွက် ခလုတ်များ) တို့ ပါဝင်သည်။
• TalkBack 6.2 တွင် စတင်မိတ်ဆက်ပေးထားသည့် "ပိုမိုကောင်းမွန်သည့် ဆုံချက်" ဆက်တင်ကို ပိတ်ထားလိုသူများအတွက် ၎င်းကို 'ဆက်တင်များ' တွင် ပိတ်နိုင်သည်။
• Android 8.0 နှင့် အထက်များအတွက် "ဖန်သားပြင်မှိန်ခြင်း ဖြတ်လမ်းလင့်ခ်" ကို ဖယ်ရှားလိုက်ပါပြီ။
'အသုံးပြုခွင့်ပြောင်းခြင်း' တွင် ပါဝင်သည့် ဝန်ဆောင်မှုအသစ်−
• 'အရောင်ချယ်ခြင်း'၊ 'ဖျက်ခြင်း'၊ 'နောက်သို့'၊ 'ရှေ့သို့'၊ 'မိတ္တူကူးခြင်း'၊ 'ဖြတ်တောက်ခြင်း'၊ 'ကူးထည့်ခြင်း' နှင့် 'တစ်ဆင့်နောက်ပြန်ခြင်း' တို့ အပါအဝင် လုပ်ဆောင်ချက်များစွာဖြင့် စာသားတည်းဖြတ်မှုသည် ပိုမိုလွယ်ကူလာပါပြီ။
• သင်ထိန်းချုပ်သည့်အခါ အကြောင်းအရာအတွင်း ဆက်လက်ရှိနေနိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် မီနူးများသည် ဒီဇိုင်းအသစ် ဖြစ်သွားပါပြီ။ ဒေသတွင်း (လုပ်ဆောင်ချက်များ) မီနူးများသည် အကြောင်းအရာ၏ ဘေးတွင်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ မီနူးသည် ဖန်သားပြင်ထိပ်ရှိ မီနူးအောက်တွင်ရှိပါသည်။
• စွမ်းဆောင်ရည် တိုးမြှင့်မှုများ။
• လှိမ့်နိုင်သည့် အရာများအတွက် ယခုအခါ လှိမ့်ရန်မြားများ ရှိပါပြီ။
Android Accessibility Suite နှင့် အခြားသော Android အများသုံးစွဲနိုင်မှု ရွေးချယ်စရာများအကြောင်း နောက်ထပ် အချက်အလက်များအတွက် https://support.google.com/accessibility/android သို့ သွားပါ။
TalkBack၊ 'အသုံးပြုခွင့် ပြောင်းရန်' သို့မဟုတ် 'စကားပြောရွေးရန်' ကို ဖွင့်ရန်−
၁။ သင့်စက်ပစ္စည်း၏ 'ဆက်တင်များ' အက်ပ်ကို ဖွင့်ပါ။
၂။ 'အများသုံးစွဲနိုင်မှု' ကို ရွေးပါ။
၃။ TalkBack၊ 'အသုံးပြုခွင့်ပြောင်းရန်' သို့မဟုတ် 'စကားပြောရွေးရန်' ကို ရွေးပါ။
ခွင့်ပြုချက်ဆိုင်ရာ သတိပေးချက်
ဖုန်း− Android Accessibility Suite သည် သင်၏ ခေါ်ဆိုမှု အခြေအနေအတွက် ကြေညာစရာများကို အလိုက်အထိုက်ပြုလုပ်ပေးရန် ဖုန်း၏ အခြေအနေကို စောင့်ကြည့်ပါသည်။
'အများသုံးစွဲနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု'− ဤအက်ပ်သည် အများသုံးစွဲနိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သောကြောင့် ၎င်းသည် သင်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်း၊ ဝင်းဒိုးအကြောင်းအရာများကို ပြန်လည်ရယူခြင်းနှင့် သင်ရိုက်သည့်စာများကို စောင့်ကြည့်ခြင်းတို့ ပြုလုပ်နိုင်သည်။

ပို၍ကြည့်ရန်

Android Accessibility Suite အတွက် စတိုးအသုံးပြုသူ အဆင့်သတ်မှတ်ချက်များ

0
0
5
0
4
0
3
0
2
0
1
0

Android Accessibility Suite အား အချက်ပြပါ

trusted ဖလကျ
ကောင်းစွာ အလုပ်လုပ်ပါသည် 1
needs licence ဖလကျ
လိုင်စင် လိုအပ်သည် 0
fake ဖလကျ
app အတု 0
virus ဖလကျ
ဗိုင်းရပ်စ် 0
n101ii 2 စတိုး ကိုယ်စားရုပ်ပုံ
n101ii-2 စတိုး 801 153.11k

APK အကြောင်း Android Accessibility Suite အချက်အလက်

APK ဗားရှင်း 7.2.0.220693075
အသုံးပြုရန် ကိုက်ညီမှု Android 5.0+ (Lollipop)
ထုတ်လုပ်သူ Google Inc.
ကိုယ်ရေးလုံခြုံမှု မူဝါဒ http://www.google.com/policies/privacy
ခွင့်ပြုချက်များ 17


Android Accessibility Suite APK ကိုဒေါင်းလုဒ်ဆွဲပါ
ဒေါင်းလုပ်များ